အနုပညာတက္ကသိုလ် (ရန်ကုန်)

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)ကို​ ယ​ခင်​က​ ်ကျေးမှု တက္ကသိုလ်(ရန်ကုန်) အမည်​​ဖြင့်​ ၁၉၉၁ခုနှစ်၊ စက်တင်ဘာလ(၁၈)ရက်နေ့တွင် ကျင်းပြုလုပ်သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစည်းအဝေးအမှတ် ၃၇/ ၉၁ အရ အမှတ်(၁၃၁) ကမ္ဘာအေးစေတီလမ်း၊ ကမ္ဘောဇအဆောက်အဦဝင်း အတွင်းတွင် ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၉၆ ခုနှစ်  စက်တင်ဘာလ၊ (၁၈)ရက်နေ့တွင် ယခုလက်ရှိတည်ရှိနေသော အမှတ်(၂၆)ရပ်ကွက်၊ အောင်ဇေယျလမ်း၊ ုံမြို့သစ်(တောင်ပိုင်း) သို့ ပြောင်းရွေ့ဖွင့်လှစ်ခဲ့ပါသည် 

တက္ကသိုလ်စတင်ဖွင့်လှစ်စဉ်က ကျောင်းအုပ်ကြီးအဖြစ် ဦးမောင်မောင်ခိုင်က တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ၁၉၉၇ ခုနှစ် ၊ ဇွန်လ(၄)ရက်နေ့တွင် ကျင်းပသည့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ အစည်းအဝေး အမှတ်(၂၁/၉၇)ဆုံးဖြတ်ချက်အရ ပါမောက္ခချုပ် ဦးစီးသော ဖွဲ့စည်းပုံအဆင့်(၂)သို့ တိုးမြှင့်ခဲ့ ပါသည်

         ပါမောက္ခချုပ်ဦးမောင်မောင်ခိုင်အငြိမ်းစားယူပြီးနောက် ၁၉၉၈ ခုနှစ်၊ ဇွန်လ(၆)ရက်နေ့တွင် ဦးဇော်သန်းက ပါမောက္ခချုပ်တာဝန်ကိုယူခဲ့သည်။ ၁၉၉၉ခုနှစ်၊ ဇွန်လ(၃၀)ရက်တွင် ဦးဇော်သန်းသည် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် ရာထူးတိုးမြှင့်ပေးခြင်းခံရပြီး နောက်တွင် ဦးတင်စိုးက ပါမောက္ခချုပ်အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။

         ၂၀၀၇ ခုနှစ်တွင် အစိုးရအဖွဲ့၏ သဘောတူညီချက်(၄၀/၂၀၀၇)အရ ယဉ်ကျေးမှု တက္ကသိုလ်ကို အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ ဦးတင်စိုးသည် အမျိုးသားဉ်ကျေးမှု နှင့်အနုပညာတက္ကသိုလ်(မန္တလေး)သို့  ပြောင်းရွှေ့သွားခဲ့ပြီး  ၂၀၀၉ ခုနှစ်  မေလမှစ၍ ဒေါ်နန္ဒာမွှန်းက ပါမောက္ခချုပ် အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ၂၀၁၀ပြည့်နှစ်တွင်၊ ပါမောက္ခချုပ် ဒေါ်နန္ဒာမွှန်းသည် သမိုင်းသုတေသန ဦးစီးဌာနတွင် ညွှန်ကြားရေးမှုးချုပ်အဖြစ် ရာထူးတိုးမြှင့်ခြင်း ခံရပြီး၂၀၁၀ ပြည့်နှစ်၊  ဧပြီလ(၁၀) ရက်မှ ၂၀၁၁ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့အထိ ပါမောက္ခချုပ်တာဝန်ကို ဒေါ်စန္ဒာခင်က တာဝန်ယူဆောင်ရွက်ခဲ့သည် ဒေါ်စန္ဒာခင်သည် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ရာထူး တိုးမြှင့်ခြင်းခံရပြီး ၂၀၁၁ခုနှစ် စက်တင်ဘာလ(၁၆)ရက်မှ ယနေ့အထိ ဦးကျော်ဦးမှ ပါမောက္ခချုပ်အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။