ဒေါ်ကြန်နှင့် ဒေါက်တာရီရီ ရွှေတိဂုံစေတီတော်ကြီးမှ ကြေးအုတ်များ၊ ရန်ကုန်၊ သမိုင်းသုတေသန ဦးစီးဌာန၊ ၂၀၀၇။ ၂၆၃ စာ၊ တန်ဖိုး - ၄၅၀ဝိ/-

စာရေးသူက ရွှေတိဂုံစေတီတော်ကြီးမှ ကြေးအုတ်များစာတမ်းကိုရေးသား ရာတွင် ကြေးအုတ်များ၏ အရွယ်အစားအမျိုးမျိုး၊ ကြေးအုတ်များ၏ ပုံသဏ္ဌာန်၊ကမ္ဗည်းစာများရေးထွင်းထားပုံ၊ ကမ္ဗည်း စာများကို ပုံသဏ္ဌာန် အမျိုးမျိုးရေးပုံ၊  အရေးအသားနှင့်စပ်လျဉ်း၍ စာလုံးပေါင်းရာ၌လည်း အသံထွက်အတိုင်းပေါင်းထားပုံ၊ စာလုံးပေါင်း အရေးအသား အဓိက မထားကြောင်းနှင့် ကြေးအုတ်များ၏ အလေးချိန်၊ လှူဒါန်းခဲ့သော မင်းဆက် များအကြောင်းကို ကြေးအုတ်ပါ ကမ္ဗည်းစာများက ဖော်ပြနေကြောင်း အလှူရှင်တို့ အကြောင်း အရာများပါ၀င်သည်။ (လက်ကျန်ရှိ)


U Thaw Kaung Selected Writings of U Thaw Kaung၊  Yangon , Myanmar Historical Commission, 2004, 288 Pgs, price- ၂၃၀၀ိ/-

            This paper in the consists of 10 papers, literature 2, political 1, Jataka 1, Handicraft 2, Buddhism 1, Relation 1, Biography 1, Tale 1. (လက်ကျန်မရှိ)


ဇမ္ဗူဒီပဥဆောင်းကျမ်း/ တည်းဖြတ် ဒေါက်တာသန်းထွန်း။ ရန်ကုန်၊ တက္ကသိုလ်များ သမိုင်းသုတေသန ဦးစီးဌာန၊ ၂၀၀၅။ ၃၀၄ စာ ၊ တန်ဖိုး-၅၀၀၀ိ/-

        ဤစာအုပ်တွင် အပိုင်း(၂)ပိုင်းခွဲ၍ ဖော်ပြထားကြောင်းတွေ့ရသည်။ ပထမပိုင်းတွင် ဇမ္ဗူဒီပဥဆောင်းကျမ်းအချုပ်ဟူ၍ ဖော်ပြထားပြီး ဒုတိယပိုင်းတွင် အမိန့်တော်စာတမ်းများကို စုစည်း တင်ြပထားပါသည်။ ပထမပိုင်းတွင် ဒဂုံဆံတော်ရှင်စေတီ၏ သမိုင်းအကျဉ်းနှင့် နိုင်ငံရေးပထဝီ အကြောင်း၊ဒုတိယပိုင်းတွင် သက္ကရာဇ် ၉၉၉ ခုနှစ်ထက်ရှေးကျသော မြို့နယ်ကျေးရွာ အုပ်ချုပ်ရေး ဆိုင်ရာ အကြောင်းများပါ၀င်သည်။ (လက်ကျန်ရှိ)


 မန္တလေးမဟာမုနိတံတိုင်းအတွင်းရှိ ကျောက်စာများ (ပတွဲ) ရန်ကုန်၊ တက္ကသိုလ်များပုံနှိပ်တိုက်၊ ၁၉၈၉။ ၄၁၈ စာ၊ တန်ဘိုး-

        ဤစာအုပ်တွင် မန္တလေးမဟာမုနိဘုရားကြီး၏ ပရဝုဏ်အတွင်းရှိ ကျောက်စာရုံများမှ ကောဇာ သက္ကဇာရာဇ် ၃၄၆ မှ ၈၄၇ (အေဒီ ၉၈၄ မှ ၁၄၈၅) အထိ ပါဝင်သော ကျောက်စာတိုင် (၄၂) တိုင် ကို ရွေးချယ်၍ ဖော်ပြထားသည်။ ဤပထမတွဲတွင် ဆင့်ထိုး (၇) တိုင်နှင့် စပ်ထိုး (၃၅) တိုင် ပါဝင် သည်။ ကျောက်စာများကို သက္ကရာဇ်အဉ်အလိုက် ကျောက်စာနှင့် သက်ဆိုင်သော အကြောင်း အရာအကျဉ်းချုပ်၊ ကျောက်တိုင်မင်ကူးဓါတ်ပုံနှင့် ထိုကာလများမှ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကြောင်းအရာများကို လွယ်ကူစွာ ဖတ်ရှုလေ့လာနိုင်ရန် ကျောက်စာပါ အရေးအသားအပြင် ယခုခေတ်သုံး အရေးအသားဖြင့် ကျောက်စာတစ်ခုချင်းစီတွင် ဖော်ပြထား ပါသည်။ (လက်ကျန်မရှိ)