၂။ တည်နေရာနှင့် အကျယ်အဝန်း

       ပုဂံဌာနခွဲသည် ပုဂံညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်း အတွင်းတွင် တည်ရှိပါသည်။ ပုဂံ ညောင်ဦးမြို့နယ်သည် မြောက်လတ္တီတွဒ် ၂ဝ ဒီဂရီ ၅၁ မိနစ် ၃၈ စက္ကန့်မှ ၂၁ ဒီဂရီ ၁၈ မိနစ် ၃၃ စက္ကန့်အတွင်းနှင့် အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၃၉ မိနစ် ၃၂ စက္ကန့်မှ ၉၅ ဒီဂရီ ၁၃ မိနစ် ၅၀ စက္ကန့် အတွင်း တည်ရှိပါသည်။ ရန်ကုန်မြို့မှ အနောက်ဘက်ယွန်းယွန်းတွင် တည်ရှိပြီး ရေကြောင်းခရီးအားဖြင့် (၄၇၈)မိုင်၊ ကားလမ်း ခရီးစအားဖြင့် ပြည်-မကွေးလမ်းမှ (၄၂၇)မိုင်၊ လေကြောင်း ခရီးအားဖြင့် (၃၅၀)မိုင်ခန့် ကွာဝေးပါသည်။ မြေမျက်နှာပြင်အမြင့်မှာ ဧရာဝတီမြစ်ကမ်းတစ်လျှောက်တွင် ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၂၀၀)ခန့် တုရင်တောင်၏ မြောက်ဘက်အဆုံးတွင ပေ (၁၁၇၁) ​ပေခန့်ရှိပါသည်။

       ပုဂံညောင်းဦးမြို့နယ်သည် မန္တလေးတိုင်းဒေသကြီးအတွင်း ပခုက္ကူမြို့နယ်၊ မြင်းခြံမြို့နယ်၊ ကျောက်ပတောင်းမြို့နယ် များနှင့် နယ်နိမိတ်ချင်းထိစပ်နေပါသည်။ မြို့နယ်သည် အလျားနှင့် အနံ များစွာကွားခြားခြင်းမရိဘဲ စတုရန်းပုံသဏ္ဌာန် အနေအထားတွေ့ရပြီး အကျယ်အဝန်းစတုရန်းမိုင် ၅၇၂.၇၅၅၊ ဧကအားဖြင့် ၃.၇ သိန်းရှိပါသည်။

 

၃။ ပြတိုက်ဖွင့်ချိန်နှင့်ပိတ်ချိန်

       ပုဂံရှေးဟောင်းသုတေသနပြတိုက်ကို တနင်္ဂနွေ၊ တနင်္လာနှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှ လွဲ၍ နေ့စဉ် နံနက် (၀၉:၀၀)နာရီမှ ညနေ (၀၄:၃၀)နာရီအချိန်ထိ ဖွင့်လှစ်ပြသ လျက်ရှိပါသည်။

 

၄။ ပြတိုက်ဝင်ကြေး

        ပြတိုက်ဝင်ကြေးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

                   (က) လူကြီး             -        ၅၀၀ ကျပ်

                   (ခ)   ကလေး           -        ၂၅၀ ကျပ်

                   (ဂ)   နိုင်ငံခြားသား    -        ၅၀၀၀ ကျပ်

ပြသထားရှိသည့်ပြခန်းများ

(၁) အထူးပင်မပြခန်း
(၂) ပုဂံခေတ်လက်မှုအနုပညာပြခန်း
(၃) ပုဂံခေတ်ဗိသုကာပြခန်း
(၄) ပုဂံခေတ်လူနေမှုဘဝပြခန်း
(၅) ပုဂံခေတ်စာပေပြခန်း
(၆) ပုဂံခေတ်ဗုဒ္ဓဆင်းတုတော်များပြခန်း
(၇) ပုဂံခေတ်နံရံဆေးရေးပန်းချီပြခန်း