အမျိုးသားပြတိုက် (နေပြည်တော်)

 

တည်နေရာနှင့်အကျယ်အဝန်း

        အမျိုးသားပြတိုက် (နေပြည်တော်)သည် နေပြည်တော်၊ ဥတ္တရသီရီမြို့နယ်၊ ရာဇသင်္ဂဟ အဝိုင်းအနီး ရာဇသင်္ဂဟလမ်းမကြီးပေါ်တွင် တည်ရှိပါသည်။ ဧရိယာအားဖြင့် (၃၄.၇၉) ဧက ကျယ်ဝန်းပါသည်။

 

ဆက်သွယ်ရန်လိပ်စာ

 အမျိုးသားပြတိုက်(နေပြည်တော်)၊ ရာဇသင်္ဂဟလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်

၀၆၇-၄၁၈၄၃၁၊ ၄၁၈၄၃၂

 

နောက်ခံသမိုင်းအကျဉ်း

          အမျိုးသားပြတိုက် (နေပြည်တော်) တည်ဆောက်ရေးလုပ်ငန်းများကို (၃.၆.၂၀၁၀) ရက်နေ့တွင် စတင်ပန္နက်ချတည်ဆောက်ခဲ့ရာ အဝင်ခန်းမဆောင် Aဆောင်နှင့် ပြခန်း (၁၈)ခန်းပါ အဆောင် (B၊ C၊D၊E) (၄)ဆောင်၊ စုစုပေါင်းအဆောင် (၅)ဆောင်အား ဆောက်လုပ်လျက်ရှိ ပါသည်။

    (၁၅-၇-၂၀၁၅)ရက်နေ့မှစ၍ အမျိုးသားပြတိုက်(နေပြည်တော်)ကို  ပထမအဆင့်အဖြစ် ပြခန်း(၆)ခန်းကို ဖွင့်လှစ်ပြသခဲ့ပါသည်။

 

ရည်ရွယ်ချက်

၁။           အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ဖော်ထုတ်ပြသရန်

၂။           ကြွယ်ဝပြီးအဆင့်အတန်းမြင့်သည့် မိမိတို့လူမျိုး၏ ခေတ်အဆက်ဆက် ပြောင်းလဲ ပေါ်ထွန်းလာခဲ့သော ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ပြသရန်

၃။           မိမိတို့လူမျိုး၏ Soft power စွမ်းဆောင်ချက်များကိုပြသရန်

၄။           မိမိနိုင်ငံ၊ လူမျိုး၏ဂုဏ်ဒြပ်နှင့်ညီသော၊ နိုင်ငံတော်အဆင့်နှင့်ညီသော ပြတိုက်အဖြစ် တည်ဆောက်ရန်

၅။           ခေတ်မီ၊ စွဲဆောင်မှုရှိပြီး အဆင့်အတန်းမြင့်မား၍ ထိန်းသိမ်းမှုစနစ်မှန်ကန်သော ပြတိုက်အဖြစ်တည်ဆောက်ရန်