• ရှေးဟောင်းသုတေသနနှင့်
    အမျိုးသားပြတိုက်ဦးစီးဌာန

    ၂၀၁၀ ခုနှစ်၊ ဇွန်လတွင် ရှေးဟောင်း သုတေသနဦးစီးဌာန နှင့် ယဉ်ကျေးမှုဗိမာန် ဦးစီးဌာန(၂)ခုအား ပေါင်း၍ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန အဖြစ် ပြင်ဆင်ဖွဲ့စည်း ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၂၈)ရက်နေ့တွင် အမျိုးသား စာကြည့်တိုက် (နေပြည်တော်)နှင့် (ရန်ကုန်)တို့အား သမိုင်းသုတေသနဦးစီးဌာန လက်အောက်သို့ ပြောင်းရွှေ့ခဲ့ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန အဖြစ် ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။

    Continue Reading »

  • အနုပညာဦ:စီးဌာန

    ၁၉၇၂ ခုနှစ်တွင် စနစ်သစ်အုပ်ချုပ်ရေးကို အကောင် အထည်ဖော်သောအခါ ပြည်ထောင်စု ယဉ်ကျေးမှုဝန်ကြီးဌာန ဟူသောအမည်မှ ယဉ်ကျေးမှု ဝန်ကြီး ဌာန ဟူသော အမည်သို့ ပြောင်းလဲခဲ့ပါသည်။ ယခုအခါ အနုပညာဦးစီးဌာနကို အဆင့်(၁) ဦးစီးဌာနအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီး အရာထမ်း(၂၈၆)နေရာ၊ အမှုထမ်း (၁၁၅၈)နေရာ၊ စုစုပေါင်း (၁၄၄၄)နေရာတို့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ရုံးအမှတ်(၃၅)၊ နေပြည်တော်သို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင် ခဲ့ပါသည်။

    Continue Reading »

  • သမိုင်းသုတေသနနှင့်
    အမျိုးသားစာကြည့်တိုက်ဦးစီးဌာန

    သမိုင်းသုတေသနဦးစီးဌာနသည် မြန်မာသမိုင်း သုတေသနလုပ်ငန်းများအတွက် အမျိုးသား ဗဟိုဌာန ဖြစ်သည်။ မြန်မာသမိုင်း ကော်မရှင်အဖွဲ့နှင့် နီးကပ်စွာ အလုပ်လုပ်ကိုင် လျက်ရှိပြီး၊ အဓိက လုပ်ငန်းများမှာ- သမိုင်းဆိုင်ရာ အထောက် အထားများကို စုဆောင်းခြင်း၊ မြန်မာနိုင်ငံဆိုင်ရာ သမိုင်းများကို သုတေသနပြုခြင်းနှင့် သမိုင်းဆိုင်ရာ သုတေသနလုပ်ငန်းများကို ထုတ်လုပ် ဖြန့်ဝေခြင်းတို့ ဖြစ်သည်။ ထို့ပြင် အထူးပြုသုတေသန လုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ် အနေဖြင့် ဆောင်ရွက်ခြင်းတို့ကို ပြုလုပ် ဆောင်ရွက်ရသည်။

    Continue Reading »

  • အမျိုးသားယဉ်ကျေးမှုနှင့်
    အနုပညာတက္ကသိုလ်များ

    အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)ကို ယခင်က ယဉ်ကျေးမှု တက္ကသိုလ်(ရန်ကုန်) အမည်ဖြင့် ၁၉၉၁ခုနှစ်၊ စက်တင်ဘာလ(၁၈)ရက်နေ့တွင် ကျင်းပြုလုပ်သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစည်းအဝေးအမှတ် ၃၇/ ၉၁ အရ အမှတ်(၁၃၁)၊ ကမ္ဘာအေးစေတီလမ်း၊ ကမ္ဘောဇအဆောက်အဦဝင်း အတွင်းတွင် ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၉၆ ခုနှစ် စက်တင်ဘာလ၊ (၁၈)ရက်နေ့တွင် ယခုလက်ရှိတည်ရှိနေသော အမှတ်(၂၆)ရပ်ကွက်၊ အောင်ဇေယျလမ်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း) သို့ ပြောင်းရွေ့ဖွင့်လှစ်ခဲ့ပါသည်။

    Continue Reading »